Breaking News >> News >> Democratic Voice of Burma


မန္တလေးတွင် တရားရုံး စာရေးကြီး ၁ ဦး အမှုဖွင့်ခံရသူထံမှ လာဘ်စားမှုဖြင့် အနားပေးခံရ


Link [2022-02-18 18:54:42]



မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ စာရေးကြီးတယောက်ဟာ နိုင်ငံရေးပုဒ်မနဲ့ အမှုဖွင့်ခံထားရသူထံကနေ လာဘ်ငွေကြေးရယူခဲ့မှုနဲ့ တာဝန်က ရပ်ဆိုင်းခံထားရတယ်လို့ ရှေ့နေအသိုင်းအဝိုင်း က သိရပါတယ်။ တာဝန်က ရပ်ဆိုင်ခံထားရတဲ့သူဟာ ချမ်းမြသာစည်မြို့နယ်တရားရုံးက စာရေးဖြစ်ပြီး တရားသူကြီးကို ငွေပေးရမယ်ဆိုကာ ရှေ့နေနဲ့ ပေါင်းပြီး တရားစွဲခံထားရသူ ထံက ငွေတောင်းခဲ့တာလို့ ဆိုကြပါတယ်။ “ဖြစ်တာက ဇန်နဝါရီလထဲက ဖြစ်တယ်။ အမှုသည်က ပြန်တိုင်တာလို့ ပြောကြတယ်။ ရှေ့နေလည်း အတိုင်ခံရတယ်။ ရှေ့နေကတော့ လိုင်စင်အသိမ်းခံရမယ်ထင်တယ်။ စာရေးကြီးကတော့ ပြုတ်သွားတယ်။” လို့ ရှေ့နေတဦး က ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်  တရားစီရင်ရေးမှာ ဖမ်းဆီးခံနိုင်ငံရေးလှုပ်ရှားသူတွေထံကနေ ငွေကြေးတောင်းခံတာတွေ ပေါ်ပေါ်ထင်ထင်လုပ်နေပြီး တိုင်ကြားလို့ ပေါ်ပေါက်ခဲ့ရင်လည်း ဥပဒေအရ အရေးယူတာမရှိပဲ ထုတ်ပယ် အရေးယူတာပဲ ရှိတယ်လို့ သိရပါတယ်။ အခုလို ဖမ်းဆီးခံရသူတွေထံက […]

Most Read

2024-09-22 11:56:49