Breaking News >> News >> Democratic Voice of Burma


ရာဘာ ဈေးကောင်းရသော်လည်း အစေးခြစ်လုပ်ငန်းများရပ်နားထားသဖြင့် ခြံရှင်များ ဝင်ငွေ ထိခိုက်


Link [2022-02-18 18:54:42]



မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရာဘာဈေးတွေ ဈေးကောင်းရလာပေမဲ့ အစေးခြစ်လုပ်ငန်းတွေ ယာယီရပ်နားထားခဲ့တာကြောင့် ရာဘာစိုက်ပျိုးတောင်သူမှာ ဝင်ငွေတွေ ထိခိုက်နစ်နာခဲ့ကြပါတယ်။  ရာဘာ ဈေးနှုန်းဟာ ရာသီအစမှာ တစ်ပေါင် ကျပ် ၆၀၀ ဝန်းကျင်သာ ရရှိခဲ့ပေမဲ့ လက်ရှိ ရာဘာ တစ်ပေါင် ကျပ် ၁၁၀၀ နီးပါးလောက်ထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ခြံရှင်တစ်ဦးက ပြောပါတယ်။ လက်ရှိကာလက  ရာဘာခြံအများစု အစေးမခြစ်ဘဲ ယာယီပိတ်သိမ်းထားကြတာဖြစ်လို့ ရာဘာ အထွက်နှုန်းကလည်း ရာခိုင်နှုန်း ထက်ဝက်ကျော်နီးပါးလောက်ထိ ကျဆင်းလာတာ ဖြစ်တယ်လို့ ခြံသမားတွေက ပြောပါတယ်။ လခစား အစေးခြစ် လုပ်သားတွေမှာလည်း ရရှိတဲ့ လစာနဲ့ အခုလို အခြေခံစားသောက်ကုန်တွေ သယ်ယူစရိတ်တွေ ကြီးမြင့်လာနေတဲ့အချိန်မှာ လုပ်အားခတွေ သိပ်ပြီး မကျန်ဘူးလို့ ခြံအလုပ်သမား တဦး က ပြောပါတယ်။ ရာဘာစိုက်တောင်သူတွေဟာ […]

Most Read

2024-09-22 11:50:16