Breaking News >> News >> Democratic Voice of Burma


ခင်ဦးမြို့နယ်က အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး၊ နေအိမ် ချိပ်ပိတ်


Link [2022-02-18 07:12:39]



စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်က အမျိုးသမီး ၂ ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။ ခင်ဦးမြို့ပေါ်မှာ အခုလို စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ‌မြို့ပေါ်နေ ပြည်သူတချို့  ဘေးလွတ်ရာကို မိသားစုလိုက်ပြောင်းရွှေ့နေကြတာတွေလည်း ရှိနေပါတယ်။  “သာမာန် CDM ဝန်ထမ်းတွေကို လိုက်ဖမ်းနေကြတာ။ ဒီနေ့ ဖမ်းခံရတာက မမိုးသူဇာခိုင်နဲ့ မမာမာအောင်။ ဘာလိုဖမ်းတာလဲဆိုတော့ သူတို့ ဖမ်းချင်လို့ ဖမ်းတာလို့ ပြောရမယ်။  မမာမာအောင်ကို PDFနဲ့ ဆက်နွှယ်ပြီး ငွေကြေးထောက်ပံ့တာတွေလုပ်လို့ ဖမ်းတာလို့ ပြောတယ်။ အထောက်အထား မတွေ့ဘဲနဲ့ ဖမ်းသွားကြတယ်။ အိမ်လည်းချိပ်ပိတ်သွားတယ်”လို့  ဒေသခံတဦးက ပြောပါတယ်။ မမိုးသူဇာခိုင်ကိုတော့ မဟုတ်မမှန်သတင်းတွေ ရေးသားဖြန့်ဝေတယ်ဆိုပြီး ဖမ်းသွားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ အခု […]

Most Read

2024-09-22 11:48:55