Breaking News >> News >> Democratic Voice of Burma


အာဂျင်တီးနားတောင်ပိုင်း တောမီးလောင်၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ပျက်စီး


Link [2022-02-18 07:12:39]



အာဂျင်တီးနားနိုင်ငံတောင်ပိုင်း ကော်ရီယန်တက်စ်ပြည်နယ်မှာ ရက်သတ္တပတ်များစွာ တောမီးလောင်မှု ဖြစ်ပွားနေပြီး ဟတ်တာဧက ၅ သိန်းကျော် သက်ရင့်သစ်ပင်တွေနဲ့ စိုက်ခင်းတွေ ပျက်စီးခဲ့ပါတယ်။  အဓိက ၁၅ နေရာမှာ တောမီး ကူးစက်လောင်ကျွမ်းနေပြီး၊ ပြည်နယ်အစိုးရက လူတွေ နေရာပြောင်းရွှေ့ချထားမှုနဲ့ မြင်း၊ နွား၊ မွေးမြူရေးတိရိစ္ဆာန်တွေ ကူညီပြောင်းရွှေ့ပေးနေရပါတယ်။ ကော်ရီယန်တက်စ်ပြည်နယ်ဟာ ဆန်၊ လိမ္မော်သီး၊ ဆေးရွက်ကြီး၊ ယာဘ၊ မိတ်၊ ဝါချည် စတဲ့ လယ်ယာခြံ ထွက်ကုန်တွေနဲ့ မွေးမြူရေးလုပ်ငန်းတွေနဲ့ အဓိက နိုင်ငံခြားငွေ ရရှိနေတာပါ။ အာဂျင်တီးနားမှာ ပြီးခဲ့တဲ့နှစ်အတွင်း လာနီညာရာသီဥတုကြောင့် အပူချိန်မြင့်မားမှု မိုးခေါင်မှုတွေ နှစ်ကြမ်ဖြစ်ခဲ့ပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ ဆုံးရှုံးမှုများခဲ့ပါတယ်။ 

Most Read

2024-09-22 14:38:52