Breaking News >> News >> Democratic Voice of Burma


ဘရာဇီးလ်-အာဂျင်တီးနားပွဲပျက်ခဲ့ရမှုအတွက် ပြစ်ဒဏ်များ ဖီဖာချမှတ်


Link [2022-02-18 07:12:39]



ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဘရာဇီးလ်-အာဂျင်တီးနားပွဲ ပျက်ခဲ့ရတာ အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က   ပြစ်ဒဏ်တွေချမှတ်လိုက်ပါတယ်။  ပရီးမီးယားလိဂ်မှ အာဂျင်တီးနားကစားသမား ၄ ယောက်  ကိုဗစ်စည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့် ပွဲရွှေ့ဆိုင်းရတဲ့အထိ ဖြစ်ခဲ့ရပြီး  မာတီနက်ဇ်၊ ဘူအန်ဒီယာ၊ ရိုမဲရိုးနှင့် ဆယ်လ်ဆို တို့ကို ၂ ပွဲပယ်ပြစ်ဒဏ်စီ ချမှတ်ခဲ့တာပါ။  ဒါ့အပြင်  ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကို ပေါင်  ၄၄၀၀၀၀ ၊ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို ပေါင် ၂၀၀၀၀၀ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ့ပွဲ ပြန်လည်ကစားရမယ့် နေ့ရက်ကိုတော့  ဖီဖာက မရွေးချယ်ရသေးပါဘူး။

Most Read

2024-09-22 14:46:01