Breaking News >> News >> Democratic Voice of Burma


စစ်တွေတက္ကသိုလ်တွင် ကိုဗစ်ကူးစက်မှုများနေသော်လည်း ကျောင်းမပိတ်


Link [2022-02-17 19:35:02]



ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ  ဖေဖော်ဝါရီ ၁၅ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၂ ယောက်ကို ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးတွေ့ရှိခဲ့တဲ့အထဲ အယောက် ၅၀ ကျော်က စစ်တွေ တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ဆရာမတွေအပါအဝင်  ပညာရေးဝန်ထမ်းဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို ပညာရေးဝန်ထမ်းတွေအများအပြား ရောဂါပိုးကူးစက်ခံထားရပေမယ့် တက္ကသိုလ်ကိုတော့ ဆက်လက် ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့ စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီလို ကူးစက်ခံထားရသူတွေထဲက ၁၂  ဦးကတော့ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းဖြစ်တဲ့ အိုမီခရွန် ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ ဓာတ်ခွဲခန်းကိုပို့ထားတဲ့အတွက် ဖေဖော်ဝါရီလ ၁၈  ရက်မှ  အဖြေသိရမယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ကိုဗစ်-၁၉  ကူးစက်ခံရသူ နောက်ထပ် […]

Most Read

2024-09-22 14:45:09