Breaking News >> News >> Democratic Voice of Burma


ကျီးကန်းပြင်စစ်ဆေးရေးဂိတ်၌ ကာလတန်ဖိုး သိန်း ၃၅၀၀ ကျော်တန်ဖိုးရှိ ရွှေချောင်းများဖမ်းမိ


Link [2022-02-17 19:35:02]



ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ်(၁) နယ်ခြားစောင့်တပ်ဖွဲ့ ကျီးကန်းပြင်စစ်ဆေးဂိတ်မှာ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက ကာလတန်ဖိုး သိန်း ၃၅၀၀ ကျော်တန်ဖိုးရှိ ရွှေချောင်းတွေ ဖမ်းဆီးမိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ “မောင်တောကနေ မောင်တောမြောက်ဘက်ကိုယူသွားတာ၊ မင်္ကာလို့ စစ်ဆေးရာမှာ ရွှေ ၂ ပိဿာရှိတဲ့ ရွှေချောင်း ၂၀ ဖမ်းမိတာ။”  ရွှေချောင်းတွေနဲ့အတူ မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေ​ကျေးရွာက မောင်နှမနှစ်ဦး ဖမ်းဆီးမိခဲ့ပြီး ပြင်ဖြူနယ်မြေစခန်းမှာ လက်ရှိ ထိန်းသိမ်းထားပြီး ရွှေချောင်းတွေကိုတော့ တောကျီးကန်းပြင်ဌာနချုပ်မှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ ရွှေအရောင်းအဝယ်လုပ်နေသူ စီးပွားရေးသမားတစ်ဦးက “မြန်မာနိုင်ငံရွှေရောင်းဝယ်ရေး အသင်းဝင်ကတ်ပြနိုင်ရင် မြန်မာပြည်မှာ ကြိုက်တဲ့နေရာ သယ်ယူခွင့်ရှိတယ်လေ။ အခုက အထောင်အထားပါလား မပါဘူးလား၊ ကယ်ရီသယ်ပေးတာလား ဆိုတာ မသိရသေးဘူး” လို ပြောပါတယ်။ […]

Most Read

2024-09-22 14:28:54