Breaking News >> News >> Democratic Voice of Burma


ဖလူးကြီး ဘုရားကုန်းစစ်ကောင်စီတပ်စခန်းကို ကေအန်ယူ ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်


Link [2022-02-16 18:34:45]



ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီး ဖလူးကြီးကျေးရွာမှာ ဖေဖော်ဝါရီ  ၁၆ ရက်က စစ်ကောင်စီတပ်တွေနဲ့  ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်က ဖလူးကြီးရွာအနီးနားမှာ KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့တို့မှ နေရာယူထားပြီး ဖေဖော်ဝါရီ ၁၆ ရက် မနက် ၈ နာရီလောက်မှာ ဖလူးကြီး ဘုရားကုန်း စစ်ကောင်စီ တပ်စခန်းကို ဝင်တိုက်ခဲ့ရာမှာ အချိန်အနည်းငယ်အတွင်း စခန်းသိမ်းနိုင်ခဲ့တယ်လို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။  စစ်ကောင်စီတပ်စခန်းကနေ သေနတ် ၃ လက်နဲ့ တခြားပစ္စည်းတချို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ကတော့ ထွက်ပြေးသွားကာ ဖလူးလေးဗိုလ်စလုံး စခန်းဘက်မှာရှိတဲ့  စကစလက်အောက်ခံ BGFတွေနဲ့ ပြန်ပူးပေါင်းနေကြတယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ အထိနာတဲ့အတွက် လေးကေ့ကော်တောင်ထိပ်ကနေ လက်နက်ကြီးနဲ့ […]

Most Read

2024-09-22 14:29:37