Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်တွင် တိုက်ပွဲပြင်းထန်၊ စစ်​ကောင်စီဘက်က ​​လေ​ကြောင်းဖြင့် တိုက်ခိုက်


Link [2022-02-16 18:34:45]



စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် တမာပင်ခွ​ကျေးရွာအနီးမှာ ​​စစ်​ကောင်စီတပ်နဲ့ PDF ပူး​ပေါင်းအဖွဲ့တို့ ဖေ​ဖော်ဝါရီ ၁၆ ရက် ​နေ့လယ်ပိုင်းက တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နေ့လယ် ၁ နာရီဝန်းကျင်​လောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တမာပင်ခွ​ကျေးရွာဘက်က​နေ ထွက်ခွာလာတဲ့ စစ်​ကောင်စီတပ်ကို PDF အဖွဲ့​တွေက စတင်တိုက်ခိုက်ရာက​နေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ PDF ​ခေါင်း​ဆောင် ဆရာစံက “စစ်​ကောင်စီအဖွဲ့က ပုပ္ပါးက​နေ အိုင်​​ယောင်း မင်းမဘက်ကို အထွက်ပြပြီး​တော့ ​အမှတ်(၅)ဆည်​ဘောင်အတိုင်း မြောက်ဘက်ကို ပြန်လှည့်တာ၊ အဲဒီလိုပြန်လှည့်လာတဲ့အချိန်မှာ PDF ​တွေက ဝိုင်းကြတာ​။ တိုက်ပွဲက အခုထိဖြစ်​နေတုန်းဆို​တော့ အထိအခိုက် အကျအဆုံးက​တော့ မသိရ​သေးဘူး” လို့ ​ပြောပါတယ်။ စစ်​ကောင်စီ ဘက်က ညှပ်မိပြီး အထိနာတာကြောင့် ​လေ​ကြောင်းနဲ့ပါ လာ​ရောက် ပစ်ကူ​ပေးရပြီး ဗုံးချတာတွေလည်း […]

Most Read

2024-09-22 14:49:43