Breaking News >> News >> Democratic Voice of Burma


ညောင်တုန်းမြို့ ကေတီဗွီတွင် ရန်ဖြစ်ပြီး ဓားထိုးခံရသဖြင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး


Link [2022-02-16 18:34:45]



ဧရာဝတီတိုင်း ညောင်တုန်းမြို့က ကေတီဗွီဆိုင်တဆိုင်မှာ ဖေဖော်ဝါရီ ၁၅ ရက်ညက ရဲနဲ့ အရပ်သားတွေ  မိန်းကလေးလုရင်း ရန်ဖြစ်ကြရာက  ရဲတယောက် ဓားထိုးခံရပြီး  သေဆုံးသွားပါတယ်။ ဗိုလ်မြတ်ထွန်းတံတားနားက မန်းကေသီစားသောက်ဆိုင်မှာ ညပိုင်း ၈ နာရီလောက်က ဖြစ်ခဲ့ပြီး သေဆုံးသူက ဒုရဲအုပ် အောင်သူလို့ ဒေသခံတွေက ပြောပါတယ်။ “အဲဒီဆိုင်က မြို့မ ရဲစခန်းက ရဲတယောက် ရှယ်ယာပါတာ။ မာဆတ်နဲ့ ကေတီဗွီပါ တွဲဖွင့်ထားတာ။ သူတို့က ကောင်မလေးလုရင်း ရန်ဖြစ်ကြတယ်။ ရဲက ဓားထိုးခံရပြီး အဲဒီနေရာမှာပဲ သေသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ အရပ်သား ၅ ယောက်နဲ့ စကားများ ရန်ဖြစ်ခဲ့ကြပြီး အဲဒီအရပ်သားတွေဟာ ကားနဲ့ ဗိုလ်မြတ်ထွန်းတံတားပေါ်ကို မောင်းပြေးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထွက်ပြေးသွားသူတွေကို စစ်သားနဲ့ […]

Most Read

2024-09-22 14:24:42