Breaking News >> News >> Democratic Voice of Burma


ဝေါမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ


Link [2022-02-16 18:34:45]



ပဲခူးတိုင်းဒေသကြီး ဝေါမြို့မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ညက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဝေါ-PDF တပ်ဖွဲ့ကနေ သိရပါတယ်။ ဝေါမြို့ ကန်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မနေ့ည ၇ နာရီခွဲလောက်မှာ ဝေါ PDF က ဗုံးခွဲတိုက်ခိုက်သတိပေးခဲ့ပြီး အဆောက်ဦထိခိုက်မှုရှိနိုင်တယ်လို့ ဝေါ PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ကန်တော်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီ သတင်းပေးလုပ်ကိုင်နေပြီး သူကြောင့် အပြစ်မဲ့ ပြည်သူ ၃ ယောက်ဖမ်းဆီးခံခဲ့ရတာကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ပြည်သူလူထုဘက်ကို မရပ်တည်ဘဲ စစ်ကောင်စီအလို့ကျ လုပ်ဆောင်နေမယ်ဆိုရင် ဒီထက်ပိုမို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ “ကန်တော် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်ဗျ။ […]

Most Read

2024-09-22 14:25:45