Breaking News >> News >> Democratic Voice of Burma


မြဝတီမြို့နယ်၌ တိုက်ပွဲပြန်ဖြစ်၊ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ


Link [2022-02-16 18:34:45]



ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မနက် ၈ နာရီလောက်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ KMLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံတွေဟာ နယ်စပ်သောင်းရင်းမြစ်ကမ်းဘေးကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကောင်စီရဲ့တပ်စခန်း(စွယ်တော်ကုန်း)က မြေပြင်လက်နက်ကြီးတွေနဲ့အတူ လေကြောင်းကပါ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျေးရွာအတွင်း ကျည်ဆန်တွေအဆက်မပြတ် ကျရောက်ခဲ့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဖလူးကြီးကျေးရွာသားတစ်ဦးက “စစ်ကောင်စီကရွာကို ဒရုန်းနဲ့ လာရိုက်တော့ ဒီဘက်က ပစ်ချလိုက်တယ်။ နောက် ၂ နာရီလောက်နေတော့ လက်နက်ကြီးတွေနဲ့ ပစ်တာ။ လက်နက်ကြီးတွေက ရွာထဲကိုပါကျတယ်။ အခု လေကြောင်းကပါ ဗုံးကြဲနေလို့ ကျနော်တို့ ပြေးရင်ပြောနေရတယ်။”လို့ ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံ ကျေးရွာသား ၂၀၀ နီးပါးဟာ ကိုယ်လွတ်ရုန်းထွက်ပြေးလာနိုင်ပေမဲ့ […]

Most Read

2024-09-22 14:32:17