Breaking News >> News >> Democratic Voice of Burma


တရက်တည်း ကိုဗစ်လူနာသစ် ၂၄၀၀ ကျော်ဖြင့် ထပ်မံစံချိန်တင်၊ ကူးစက်ခံရသူ ၅ သိန်းခွဲကျော်ရှိ


Link [2022-02-16 08:59:42]



မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂,၄၆၇ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၅၅၀,၈၂၄ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရောဂါကူးစက်မှု ရာဂဏန်းသာ ရှိခဲ့ရာကနေ စံချိန်တင် ၈ ရက်ဆက်တိုက် ထောင်ချီတွေ့ရှိခဲ့တာဖြစ်ပြီး မနေ့က ကူးစက်မှုအသစ် ၁,၅၀၀ ကျော်ထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးက  ရောဂါကူးစက်ခံရသူပေါင်း ၆၀၀ ကျော်နဲ့ အမြင့်ဆုံးဖြစ်နေခဲ့တာပါ။ ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။ ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း […]

Most Read

2024-09-22 14:37:25