Breaking News >> News >> Democratic Voice of Burma


ပုလဲမြို့နယ်တွင် တိုက်ပွဲပြင်းထန် နှစ်ဖက်တပ်များ သေဆုံးဒဏ်ရာရ


Link [2022-02-15 21:33:36]



စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးသင်တန်းကျောင်းဖွင့်နေတဲ့ ဇီးဖြူကုန်းကျေးရွာကို ဒေသခံကာကွယ်ရေးတပ်တွေက ဖေဖော်ဝါရီ ၁၄ ရက် ည ၁၂ နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဲလိုတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အကျအဆုံးရှိခဲ့ပြီး ဒေသခံရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ကျားသစ်နက်အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက  “တိုက်တာကတော့ ပျုစောထီးသင်တန်းဖွင့်နေတဲ့ ကျောင်းကိုသွားတိုက်တာ။ ဒီကောင်တွေ လက်နက် အတော်ကိုပြည့်စုံတယ်။ ကျနော်တို့က  လက်နက်မကောင်းတော့ တိုက်ရတာ အားမရဘူးဗျ။ ကိုယ်ဘက်က နည်းနည်းပါးပါးဒဏ်ရာရရှိတာတွေရှိခဲ့တယ်။ ပြောချင်တာကတော့ဗျာ ကျနော်တို့တစ်တွေကို လက်နက်ပြည့်စုံအောင် ကူညီကြပါလို့ပဲ ပြောချင်တယ်”လို့  ပြောပါတယ်။ အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် တယောက်ကျဆုံးပြီး အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာရသူ ၂ ယောက်ရှိခဲ့သလို စစ်ကောင်စီဘက်ကတော့ ပျူစောထီးအဖွဲ့ဝင်တချို့ အပါအဝင် စစ်ကောင်စီတပ်သားတွ ထိခိုက်ကျဆုံးတာရှိတယ်လို့လည်း ဒေသခံတွေက […]

Most Read

2024-09-22 14:39:45