Breaking News >> News >> Democratic Voice of Burma


မလေးရှားတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့သဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ ပြန်လွတ်


Link [2022-02-15 21:33:36]



စစ်အာဏာသိမ်းနှစ်ပတ်လည် အထိမ်းအမှတ် မလေးရှားနိုင်ငံမှာ ဆန္ဒပြလို့ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲက ၂၆ ယောက် ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့မှာ  မြန်မာနိုင်ငံအမှောင်ကျတဲ့နေ့ဆိုပြီး စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့တာကြောင့် မြန်မာနိုင်ငံသား ၃၁ ယောက်ကို မလေးရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။  ဒီနေ့မှာတော့  ၂၆ ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီး၊ ၅ ယောက်ကတော့ ထောင်ထဲမှာ ကျန်နေသေးတယ်လို့ သူတို့နဲ့နီးစပ်တဲ့  မလေးရှားရောက်မြန်မာနိုင်ငံသားတွေထံက သိရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ- မလေးရှားနိုင်ငံ(ရုံးအဖွဲ့မှူး) ကိုစိုးထက်သိန်းက “သူတို့က ဆန္ဒပြပွဲမလုပ်ခင်ကတည်းက ရဲကို ကြိုတင်သတင်းပေးညှိနှိုင်းပြီး ခွင့်တောင်းပြီးလုပ်တာ။  အဲ့ဒီအချိန်တုန်းက မလေးရဲတပ်ဖွဲ့က အခုပွဲကိုလုပ်ဖို့ သဘောတူခဲ့ပြီးသား။ နောက်ပိုင်းကိုတော့ […]

Most Read

2024-09-22 14:39:59