Breaking News >> News >> Democratic Voice of Burma


မန္တလေးတိုင်းတွင် စစ်ကောင်စီက ပြည်သူ ၂၇၀ ကျော်ကို အကြမ်းဖက်သတ်ဖြတ်


Link [2022-02-15 21:33:36]



မန္တလေးတိုင်းမှာ စစ်အာဏာသိမ်းပြီးနောက်  တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့်  ပြည်သူ အယောက်  ၂၇၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့မှတ်တမ်းအရ သိရပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သပိတ်တွေမှာပါဝင်ခဲ့တဲ့ အရပ်သားပြည်သူတွေကို စစ်တပ်က အဓိကပစ်မှတ်ထားသတ်ဖြတ်ခဲ့တာဖြစ်ပြီး  မန္တလေးတိုင်း ၃၆ မြို့နယ်ထဲက ၂၅ မြို့နယ်လောက်မှာ  စစ်ကောင်စီက အကြမ်းဖက်လူသတ်မှုတွေကျူးလွန်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက မန္တလေးမြို့ပေါ်သပိတ်တွေမှာ ပါဝင်ခဲ့တဲ့ လက်နက်မဲ့ပြည်သူတွေကို အရေအတွက်အများဆုံး ပစ်ခတ်၊ ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပြီး  သေနတ်နဲ့ပစ်ခတ်တာ၊ ဖမ်းဆီးနှိပ်စက်ရင်း စစ်ကြောရေးမှာ သေဆုံးခဲ့ရသူအရေအတွက်ဟာ အများဆုံးဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်က အစောဆုံးသေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့သူကတော့ ၂၀၂၁ ခု ဖေဖော်ဝါရီလ ၈ ရက်က  မန္တလေးမှာ ဆန္ဒပြပွဲကအပြန် စစ်ကောင်စီတပ်က  အကြမ်းဖက်ကားနဲ့ တိုက်သတ်လို့ သေဆုံးခဲ့ရတဲ့ ကိုနပွား (ခ) ကိုညီညီဦးဖြစ်ပါတယ်။ […]

Most Read

2024-09-22 14:42:52