Breaking News >> News >> Democratic Voice of Burma


ဖလမ်းနှင့် တီးတိန်မြို့​နယ်ကြား တိုက်ပွဲဖြစ်၊စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး


Link [2022-02-15 21:33:36]



ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်ကြားမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက PDF-Zoland၊ CDM-Siyin ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့  စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ PDF-Zoland ကနေ သိရပါတယ်။ ဖလမ်းမြို့ကနေ တီးတိန်မြို့ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၂၃ စီးကို ဒီကနေ့မနက်ပိုင်းမှာ PDF-Zolandနဲ့ CDM-Siyin ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး Zawngkong ကျေးရွာနားမှာ မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ PDF-Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ PDF ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖလမ်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၂ […]

Most Read

2024-09-22 14:29:29