Breaking News >> News >> Democratic Voice of Burma


မာတင်နယ်လီကို တိုက်စစ်မှူးနေရာ ပြောင်းလဲကစားနိုင်ရန် အာဆင်နယ်ပြင်ဆင်


Link [2022-02-15 09:52:35]



အာဆင်နယ်အသင်းဟာ တောင်ပံကစားသမား မာတင်နယ်လီကို အထောင်တိုက်စစ်မှူးနေရာမှာ ကစားစေဖို့အတွက် လေ့ကျင့်ပြင်ဆင်ပေးနေတယ်လို့ သိရပါတယ်။  လန်ဒန်အခြေစိုက် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဘရာဇီးလူငယ်တိုက်စစ်ကစားသမား မာတင်နယ်လီဟာ လေ့ကျင့်ရေးကွင်းမှာ နံပါတ် ၉ တိုက်စစ်မှူးနေရာမှာထားပြီး လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။  အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်းကို ဘာစီလိုနာအသင်းဆီ လက်လွှတ်ခဲ့ရပြီး လာကာဇက်နဲ့ လူငယ်တိုက်စစ်မှူး အန်ကီတီယာတို့ ၂ ဦးသာ ကျန်ရှိတော့တာပါ။  သူတို့ ၂ ဦးစလုံးဟာလည်း အခုနှစ်ရာသီအကုန်မှာ ထွက်ခွာဖို့ နီးစပ်နေတာကြောင့် မာတင်နယ်လီကို အထောင်တိုက်စစ်မှူးနေရာမှာ အသုံးပြုဖို့ လေ့ကျင့်ပေးနေတာပါ။  အသက် ၂ဝ ရှိ မာတင်နယ်လီဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ် ၁၅ ပွဲကစားရာမှာ ၄ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးမှုပြုလုပ်ထားပါတယ်။  မာတင်နယ်လီဟာ အူဘာမီယန်းရဲ့ ကျောနံပါတ် […]

Most Read

2024-09-22 14:33:04