Breaking News >> News >> Democratic Voice of Burma


ကိုဗစ်စည်းမျဉ်းမလိုက်နာခဲ့သည့် အာဂျင်တီးနားကစားသမား ၄ ဦး ၂ ပွဲ ပယ်ပြစ်ဒဏ်ချမှတ်ခံရ


Link [2022-02-15 09:52:35]



ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင်မှာ ကိုဗစ်-၁၉ စည်းမျဉ်းတွေကို လိုက်နာခြင်း မရှိခဲ့တဲ့ အာဂျင်တီးနားကစားသမား ၄ ဦးကို ဖီဖာက ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။  ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်က ဘရာဇီးအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပွဲစလို့ ၅ မိနစ်ခန့်လောက်မှာပဲ ကိုဗစ်စည်းမျဉ်းမလိုက်နာတဲ့ ကစားသမား တွေရှိတယ်ဆိုပြီး ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။  ဘရာဇီးကျန်းမားရေး တာဝန်ရှိသူတွေဟာ အာဂျင်တီးနား ကစားသမားတွေဖြစ်တဲ့  လိုဆယ်ဆို၊ ရိုမဲရိုး၊ ဘွန်ဒီယာနဲ့ ဂိုးသမား မာတီနက်ဇ်တို့ဟာ ပွဲမတိုင်ခင်မှာ ကွာရန်တင်းဝင်ဖို့ ပျက်ကွက်ခဲ့တာကြောင့်ဆိုပြီး ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ကြတာပါ။  လက်ရှိအချိန်မှာတော့ အဆိုပါ ကစားသမား ၄ ဦးဟာ ဘရာဇီးနိုင်ငံရဲ့ ကွာရန်တင်းစည်းကမ်းချက်တွေကို ရှောင်လွဲဖို့ ကြိုးစားခဲ့တာကြောင့်ဆိုပြီး ဖီဖာက နိုင်ငံတကာပွဲစဉ် ၂ ပွဲပယ်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။  […]

Most Read

2024-09-22 16:36:19