Breaking News >> News >> Democratic Voice of Burma


ကလေးမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၅ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ


Link [2022-02-15 09:52:35]



စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေနဲ့ CDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိသွားတယ်လို့ CDF-KKG ကနေသိရပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီအောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မနေညနေပိုင်းမှာ CDF-KKG နဲ့ CDF-ဟားခါး ပူးပေါင်းတပ်ဖွဲ့တွေက အလစ်အငိုက်ဝင်တိုက်ခဲ့တာလို့ CDF-KKG ရဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်သလို စစ်ကောင်စီတပ်တွေဘက်ကလည်း ပြန်လည်ခုခံပစ်ခတ်တာကြောင့် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်။”  နှစ်ဖက်တိုက်ပွဲအတွင်းမှာ CDF မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရန်ကြီးအောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မနက်ပိုင်းကလည်း CDF-KKG နဲ့ RKDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ရာ […]

Most Read

2024-09-22 16:24:53