Breaking News >> News >> Democratic Voice of Burma


နည်းပြရင်းနစ်ခ်နှင့် မန်ယူစီနီယာကစားသမားများကြား သဘောထားကွဲလွဲလာ


Link [2022-02-15 09:52:35]



မန်ယူနည်းပြရင်းနစ်ခ်နဲ့ အသင်းရဲ့စီနီယာကစားသမားတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိလာပြီး ဆက်ဆံရေးကွဲအက်လာတယ်လို့ သိရပါတယ်။  စပိန်သတင်းစာ AS ရဲ့ဖော်ပြချက်အရ နည်းပြရင်းနစ်ခ်ကို စီနီယာကစားသမားအများစုက ထောက်ခံမှုမပေးတော့ဘဲ အဲဒီအထဲမှာ စီရော်နယ်ဒို အဓိကဦးဆောင်သူဖြစ်တယ်လို့သိရပါတယ်။  နည်းပြရင်းနစ်ခ်ဟာ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ စီရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ပြီး ကာဗာနီကို ပွဲထုတ်ခဲ့တာပါ။  အဲဒီပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ စီရော်နယ်ဒိုရဲ့စွမ်းဆောင်ရည်က ပြိုင်ဘက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ဖို့ လိုအပ်ချက်ရှိတာကြောင့် ပွဲထွက်လူစာရင်းမှာ အသုံးမပြုခဲ့တာလို့ ပြောခဲ့ပါတယ်။  အဲဒီနောက်ပိုင်းမှာ စီရော်နယ်ဒို ဘက်ကလည်း နည်းပြ ရင်းနစ်ခ်ရဲ့ ကစားကွက်ဟာ အသင်းနိုင်ပွဲရဖို့ အလုပ်မဖြစ်ဘူးလို့ ယုံကြည်နေကြောင်း AS သတင်းမှာဖော်ပြပါတယ်။  စီရော်နယ်ဒိုဟာလည်း နောက်ဆုံး ၆ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ပြီး အသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။  စီရော်နယ်ဒိုအပါအဝင် တခြားစီနီယာ ကစားသမားတွေဟာလည်း နည်းပြရင်းနစ်ခ်ရဲ့ ကစားကွက်အပေါ် […]

Most Read

2024-09-22 16:32:30