Breaking News >> News >> Democratic Voice of Burma


ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ရန်ကုန်ဆေးရုံကြီးပြင်ပလူနာဌာန ၅ ခုကို ယာယီပိတ်ထား


Link [2022-02-15 09:52:35]



ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်ကြီးတွေ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ရောဂါ ခံစားနေရတာကြောင့် အထူးကုပြင်ပလူနာဌာန ၅ ခုကို ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့ကစတင်ကာ ယာယီပိတ်ထားမယ်လို့ သိရပါတယ်။ ပိတ်ထားတဲ့ ပြင်ပလူနာဌာနတွေထဲမှာတော့ အထွေထွေအထူးကုသမားတော်ဌာန၊ ကင် ဆာဆေးကုဌာန၊ အကြောအဆစ်အထူးကုဌာန၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆေးကုဌာန၊ ဟော်မုန်းရောဂါအထူးကုဌာနတွေ ပါဝင်ပြီး တခြားအထူးကုပြင်ပလူနာဌာနတွေနဲ့ အရေးပေါ် လူနာတွေကိုတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ကုသပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ထောင်ချီကူးစက်မှုတွေ ၇ ရက် ဆက် တိုက် ရှိလာနေပြီး ကူးစက်ခံရသူပေါင်း ၅၄၈,၃၅၇ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ မနေ့က ကူးစက်မှုအသစ် ၁,၄၀၀ ကျော်ထဲမှာတော့ […]

Most Read

2024-09-22 16:25:56