Breaking News >> News >> Democratic Voice of Burma


ယူကရိန်းကိုသိမ်းပိုက်မည့် ရုရှားကျူးကျော်စစ် အစီရင်ခံစာ အတည်မပြုနိုင်သေး


Link [2022-02-14 22:14:28]



ရုရှားက ယူကရိန်းနိုင်ငံကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ  ကျူးကျော်သိမ်းပိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာနဲ့ ပတ်သက်လို့ အတည်မပြုနိုင်သေးဘူးလို့ အမေရိကန် အကြီးတန်းအရာရှိတွေက ဖေဖော်ဝါရီ ၁၃ ရက်နေ့ သတင်းဌာနတွေရဲ့ စကားဝိုင်းအစီအစဉ်တွေကနေ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ အစီအစဉ်တွေနဲ့ပတ်သက်လို့ သိတာတွေကို မျှဝေရင်း  မထင်မှတ်တဲ့ ဘယ်လို တိုက်ခိုက်မှုကိုမဆို ဟန့်တားဖို့ ကြိုးစားသွားမယ်လို့လည်း သူတို့က ပြောပါတယ်။ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ ဂျွန်ကာဘီက “ဒီအစီရင်ခံစာတွေကို အတည်ပြုနိုင်တဲ့ အနေအထားမှာ ကျနော် မရှိနေပါဘူး။ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုက ဘယ်နေ့မဆို ဖြစ်နိုင်တယ်။ သတင်းရင်းမြစ်ပေါင်းစုံကနေလာတဲ့ အကဲဖြတ် တွက်ချက်တာတွေပါ။ ထောက်လှမ်းရေးအတွင်းသတင်းသက်သက် မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ ကိစ္စတွေလည်း မဟုတ်နေဘူး”လို့  Fox News Sunday အစီအစဉ်ကို […]

Most Read

2024-09-22 16:36:36