Breaking News >> News >> Democratic Voice of Burma


ချင်းပြည်နယ်၌ စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တနှစ်အတွင်း ပြည်သူ ၄၆ ဦး သေဆုံး


Link [2022-02-14 22:14:28]



ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်က အကြမ်းဖက် သတ်ဖြတ်လို့ သေဆုံးတဲ့ပြည်သူ ၄၆ ယောက်ကျော်ရှိခဲ့သလို စစ်တပ်ရဲ့ ယောဂကြောင့် စစ်ဘေးရှောင်ရင်း ဆေးဝါးနဲ့စားနပ်ရိက္ခာပြတ်တောက်ပြီး သေဆုံးခဲ့ရသူတွေလည်း ရှိနေတယ်လို့ ချင်းပြည်နယ်ဒေသခံ CDF ခေါင်းဆောင်တွေက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက် အထိ မှတ်တမ်းတွေအရ ချင်းပြည်နယ်မှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၄၆ ယောက်ကျော် သေဆုံးခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်တပ်က အကြမ်းဖက်ပစ်ခတ်တာ၊ ဖမ်းဆီးနှိပ်စက်ရင်း လက်လွန်သေဆုံးတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုပြီး သတ်ဖြတ်တာတွေ ကြောင့် ချင်းပြည်နယ်ထဲက အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီက ချင်းပြည်နယ်၊ မြို့နယ် ၉ ခုထဲက တွန်းဇံမြို့နယ်ကလွဲပြီး […]

Most Read

2024-09-22 16:38:59