Breaking News >> News >> Democratic Voice of Burma


မြန်မာနိုင်ငံ စားနပ်ရိက္ခာဖူလုံရေး ဒိန်းမတ်နိုင်ငံက ဒေါ်လာ ၃ ဒသမ ၈သန်းဖိုး ကူညီ


Link [2022-02-14 22:14:28]



ဒိန်းမတ်နိုင်ငံဟာ မြန်မာနိုင်ငံစားနပ်ရိက္ခာ မလုံလောက်မှုအန္တရာယ် လျော့ပါးသက်သာရေးနဲ့ လယ်သမားတွေ သီးနှံအထွက်တိုးအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ကူညီပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ထုတ်ပြန်ထားပါတယ်။ ကိုဗစ်-၁၉ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့်  မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ဖြစ်ပွားတဲ့ နေရာတွေမှာ လယ်ယာလုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေရှိခဲ့တာကြောင့် ဒိန်းမတ်နိုင်ငံအနေနဲ့ ဒီလိုအခြေအနေမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၈သန်းနဲ့  ညီမျှတဲ့ ဒိန်းမတ် ခရိုနာ ၂၅သန်းကို ထည့်၀င် လှူဒါန်းထားကြောင်း သံရုံးကဆိုပါတယ်။ ဒါ့အပြင် တာ၀န်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေRBF-Myanmar ကတဆင့် ရခိုင်ပြည်နယ်က လယ်သမားတွေကို တိုက်ရိုက် ပံ့ပိုးပေးနေကြောင့် သံရုံးကဆိုထားပြီး၊ အဲဒီရန်ပုံငွေနဲ့ ထုတ်လုပ်နည်းတွေ တိုးတက်ပြီး အထွက်နှုန်းကောင်းအောင် လယ်သမားတွေကို ကူညီပေးနေတယ်လို့လည်းဆိုပါတယ်။ ဒိန်းမတ်နိုင်ငံဟာ ဒီနေ့အထိမြန်မာနိုင်ငံကအသေးစားလုပ်ငန်း လုပ်ကိုင်တဲ့ […]

Most Read

2024-09-22 16:38:57