Breaking News >> News >> Democratic Voice of Burma


ယူကရိန်း စစ်ပွဲရှောင်ရှားပြီး ငြိမ်းချမ်းရေးကြိုးပမ်းရန် ပုပ်ရဟန်းမင်းကြီး ပန်ကြား


Link [2022-02-14 10:33:24]



တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်ကို စုဝေးလာတဲ့ လူအုပ်ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်က စစ်ရိပ်သန်းနေတဲ့ ယူကရိန်းနိုင်ငံအတွက် တိတ်ဆိတ်ငြိမ်သက်စွာ ဆုတောင်းမေတ္တာပို့ဖို့ ဆော်ဩခဲ့ပြီး နိုင်ငံရေးသမားတွေကို အသိစိတ်ရှိစွာနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းကြဖို့ ပန်ကြားခဲ့ပါတယ်။ ပုပ်ဖရန်စစ်က “ချစ်ခင်ရသော ညီအစ်ကို မောင်နှမများ၊ ယူကရိန်းရဲ့သတင်းတွေက အလွန်စိုးရိမ်စရာပါ။ သန့်ရှင်းတဲ့ မယ်တော်မာရီရဲ့ ကြားဝင်မှုနဲ့ နိုင်ငံရေးသမားတွေရဲ့ တာဝန်သိစိတ်တို့ကနေ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ အောင်မြင်မယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်” လို့ ထောင်နဲ့ချီတဲ့လူအုပ်ကို ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ရုရှားသမ္မတပူတင်ကို ၁ နာရီကြာ ဖုန်းနဲ့စကားပြောပြီးနောက် ပုပ်ရဟန်းမင်းကြီးက အပတ်စဉ် ဝတ်ပြုဆုတောင်းလာသူတွေကို ပြောခဲ့တာပါ။  ဂျိုးဘိုင်ဒင်က ပူတင်အား ယူကရိန်းအပေါ် ကျူးကျော်ခဲ့ပါက ရုရှားကို စီးပွားရေးချည့်နဲ့အောင်လုပ်ပြီး အထီးကျန်အောင်လုပ်မယ်လို့ သတိပေးခဲ့ပါတယ်။

Most Read

2024-09-22 16:30:29