Breaking News >> News >> Democratic Voice of Burma


နိုင်ပွဲဆာလောင်စိတ်ကို ငွေဖြင့်ဝယ်မရကြောင်း ကစားသမားများကို စပါးနည်းပြ ပြစ်တင်


Link [2022-02-14 10:33:24]



နိုင်ပွဲဆာလောင်စိတ်ကို ငွေပေးပြီးဝယ်လို့မရကြောင်း စပါးကစားသမားတွေကို နည်းပြကွန်တီက ပြစ်တင်ဝေဖန်သွားပါတယ်။  စပါးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဥရောပဝင်ခွင့်အတွက် ပိုမိုရုန်းကန်ရတော့မှာပါ။  နည်းပြကွန်တီကတော့ နိုင်ပွဲ ဆာလောင်စိတ်မရှိခဲ့တဲ့ သူ့ကစားသမားတွေအပေါ် ပြစ်တင်ဝေဖန်ခဲ့ပြီး ငွေနဲ့ဝယ်ယူလို့မရတဲ့ အရာဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။  “ပြဿနာကဘာလဲဆိုတော့ နိုင်ပွဲဆာလောင်စိတ်ကို ငွေနဲ့ ဝယ်မရတာပါပဲ။ နိုင်ပွဲဆာလောင်စိတ်ကို နေ့စဉ်လုပ်ယူသွားလို့ပဲ ရနိုင်တယ်။ တချို့ကစားသမားတွေအတွက်တော့ ဒါကို နားလည်ဖို့ အချိန်ပိုပြီးလိုအပ်တယ်။ နိုင်ပွဲဆာလောင်စိတ်ဆိုတာ ငါအသက်ရှင်ဖို့အတွက် မင်းကိုသတ်ဖို့ အဆင်သင့်ပဲဆိုတာမျိုးပဲ” လို့ စပါးနည်းပြကွန်တီက ပြောသွားပါတယ်။  စပါးအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက်ရူံးပွဲတွေ့ခဲ့ပြီး လာမယ့်တစ်ပတ်မှာ လည်း မန်စီးတီးအသင်းနဲ့ ဆက်ပြီးယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Most Read

2024-09-22 16:22:47