Breaking News >> News >> Democratic Voice of Burma


သံရုံးဝန်ထမ်းများ ယူကရိန်းမှ အမြန်ဆုံးစွန့်ခွာရန် ကြေညာသည့်နိုင်ငံ ပိုမိုများလာ


Link [2022-02-14 10:33:24]



ရုရှားက ယူကရိန်းကို အချိန်မရွေးတိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန်က သတိပေးခဲ့ပြီးနောက် အမေရိကန်သံရုံးဝန်ထမ်းတွေကို ယူကရိန်းကနေ အမြန်ဆုံး ထွက်ခါဖို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။  အဲဒီနောက် အစ္စရေး၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဗြိတိန်၊ ဂျပန်၊ လတ်ဗီးယား၊ နော်ဝေ၊ နယ်သာလန်တို့ကလည်း  သူတို့သံရုံးဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေကို ယူကရိန်းကနေ ထွက်ခွာဖို့ ကြေညာခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ စတင်ထွက်ခွာကြပါတယ်။ အစ္စရေးက ကိယက်ဗ်မြို့ဟာ စိုးရိမ်ဖွယ်အခြေအနေရှိတာကြောင့် အစ္စရေးနိုင်ငံသားတွေ မသွားကြဖို့ ပြောထားတာပါ။ ကနေဒါကတော့ ကိယက်ဗ်မြို့က သံရုံးကိုပိတ်ထားပြီး လဗီးမြို့မှာ ပြောင်းရွှေ့ထားပါတယ်။ ရုရှားအစိုးရကတော့ အဲဒီနိုင်ငံတွေ Hysteria ရောဂါလို စိတ်ချောက်ချားနေကြတာလို့ ဝေဖန်ပါတယ်။ ကိယက်ဗ်မြို့ရှိ ရုရှားသံရုံးကိုလည်း ဆက်ဖွင့်ပြီး သံရုံးဝန်ထမ်းတွေ ပုံမှန်လည်ပတ်နေဖို့ မော်စကိုက ညွှန်ကြားထားပါတယ်။ 

Most Read

2024-09-22 16:23:33