Breaking News >> News >> Democratic Voice of Burma


နည်းပြ ရက်ဖ်ရင်းနစ်ခ်အား ထုတ်ပယ်ရန် မန်ယူအသင်းကို ပေါလ်မာဆန် တိုက်တွန်း


Link [2022-02-14 10:33:24]



မန်ယူနိုက်တက်အနေနဲ့ နည်းပြ ရက်ဖ်ရင်းနစ်ခ်ကို ထုတ်ပယ်သင့်ပြီလို့ ကစားသမားဟောင်း ပေါလ်မာဆန်က တိုက်တွန်းသွားပါတယ်။ ဂျာမန်နည်းပြ ရင်းနစ်ခ်ဟာ မန်ယူအသင်းကို ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးဘဲ ထိပ်ဆုံးလေးသင်းစာရင်းဝင်ဖို့ မရေမရာဖြစ်နေပါတယ်။  နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၅ မှာ ရပ်တည်နေပေမယ့် ပြိုင်ဘက်တွေထက် ၂ ပွဲပိုကစားထားတာပါ။  နည်းပြ ရင်းနစ်ခ်အနေနဲ့ ရာသီကုန်ဆုံးချိန်မှာလည်း အသင်းမှာ ဆက်ရှိဖို့မဖြစ်နိုင်ဘဲ လက်ရှိအချိန်မှာတောင် ထုတ်ပယ်သွားသင့်တယ်လို့ စကိုင်းစပေါ့ရုပ်သံကနေ ပေါလ်မာဆန်က ပြောသွားပါတယ်။  “သူတို့အသင်းက တိုးတက်မှုတွေရှိလာတယ်လို့ သတင်းတွေထဲမှာ ဖတ်နေရတယ်။ တိုးတက်လာတာ မရှိပါဘူး။ လက်ရှိသွားနေတဲ့ပုံစံအရ ရင်းနစ်ခ်ဟာ  ဆက်ရှိမယ်လို့ မထင်ပါဘူး။ ထိပ်ဆုံးလေးသင်းစာရင်း မဝင်ဘူး၊ နည်းပြရင်းနစ်ခ်လည်း ဆက်ရှိမယ်ဆိုရင်တော့ အံ့အားသင့်စရာ ဖြစ်လိမ့်မယ်။” မန်ယူအသင်းအနေနဲ့ နည်းပြသစ်ခန့်အပ်ဖို့အတွက် ရာသီအကုန်အထိ […]

Most Read

2024-09-22 16:38:30