Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်မြို့နယ်က ​နေအိမ်များကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး


Link [2022-02-13 22:52:58]



စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် အောင်မိုး​ကျေးရွာမှာ ​ဖေ​ဖော်ဝါရီ ၁၁ ရက်​နေ့က ​ပြည်သူ​တွေရဲ့ ​နေအိမ်တွေကို ​စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပြီး နွားတစ်​ကောင်ကိုလည်း ပစ်သတ်သွားတယ်လို့ သိရပါတယ်။ မီးရှို့ဖျက်ဆီးခံရလိုက်ရတာဟာ အိမ်​ထောင်စု ၁၄ ဦးပိုင်ဆိုင်တဲ့ နေအိမ်တွေဖြစ်ပြီး အ​ဆောက်အဦး​ပေါင်း ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သလို အိမ်​မွေးနွား တစ်​ကောင်ကိုလည်း ပစ်သတ်သွားခဲ့ကြတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ “အိမ်​လေး​ဆောက်ထားတာမှ မကြာ​သေးဘူး၊ တံခါး​လေး တပ်ပြီးခါရှိ​သေး မီးရှို့ခံလိုက်ရတယ်။ အခုလို​ အ​ဆောက်အဦ​လေးနဲ့ ​နေထိုင်နိုင်ဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသလို နှစ်နဲ့ချီ စု​ဆောင်းခဲ့ရတာ။ အိမ်တွင်းပစ္စည်းလည်း ဘာတစ်ခုမှ မယူလိုက်ရဘူး၊ အကုန်လုံး မီးထဲပါသွားတယ်။ ​သေနတ်​တွေ ​ပစ်​ဖောက်ပြီး ဝင်လာကြတာဆို​တော့ ​ကြောက်လန့်တကြီးပဲ လူလွတ်ရုန်း ထွက်​ပြေးခဲ့ကြရတာ။ အခု​လော​လောဆယ်​တော့ ​ဆွေမျိုးသားချင်း​တွေရဲ့ ​နေအိမ်​​သွားပြီး မှီခို​နေကြရတယ်” လို့ […]

Most Read

2024-09-22 16:28:47