Breaking News >> News >> Democratic Voice of Burma


ဗင်နီဇွဲလား သမ္မတနှင့် အတိုက်အခံခေါင်းဆောင်တို့ ဦးဆောင်ပြီး လူငယ်နေ့ ချီတက်လမ်းလျှောက်


Link [2022-02-13 22:52:58]



ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုနဲ့ အတိုက်အခံခေါင်းဆောင် ယန်ဂွါဒိုတို့ ဦးဆောင်ပြီး ‘လူငယ်နေ့’ အထိမ်းအမှတ်အဖြစ် မြို့တော်ကာရာကတ်စ်မှာ ဖေဖော်ဝါရီ ၁၂ ရက်က ချီတက် လမ်းလျှောက်ခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် ယန်ဂွါဒိုက “ဗင်နီဇွဲလားဟာ လွတ်လပ်တဲ့ ဒီမိုကရက်တစ်နိုင်ငံဖြစ်စေဖို့ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ရမယ်၊ လူငယ်တွေကို နေရာပေးရမယ်၊ အာဏာရှစ်စနစ်က သက်တမ်းကုန်ပြီ၊ ဗင်နီဇွဲလားသမ္မတနိုင်ငံသစ်ဟာ မျိုးဆက်အားလုံး ညီညွတ်မှုနဲ့ ပြန်လည်မွေးဖွားလာပြီ” လို့ ပြောပါတယ်။ သမ္မတမာဒူရိုကလည်း ဗင်နီဇွဲလားလူငယ်တွေ ဒီမိုကရက်တစ်စိတ်ဓာတ်နဲ့ နိုင်ငံရေးမှာ ပိုမိုပါဝင်ကြဖို့၊ ဘိုလီဗီယားတော်လှန်ရေးရဲ့ တန်ဖိုးတွေကို ကိုယ်စားပြုဖို့ မိန့်ခွန်းမှာ  ပြောသွားပါတယ်။ ဗင်နီဇွဲလား လူငယ်နေ့ဟာ လွန်ခဲ့တဲ့ ၂၀၆ နှစ်က တက္ကသိုလ်ကျောင်းသားတွေ ပါဝင်ခဲ့တဲ့ စပိန် ကိုလိုနီအောက်က လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲတခုကို ဂုဏ်ပြုထားတဲ့ နေ့ရက်ပါ။

Most Read

2024-09-22 16:32:38