Breaking News >> News >> Democratic Voice of Burma


ဆောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံး


Link [2022-02-13 22:52:58]



မကွေးတိုင်း ဆောမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ YDF(ဆော၊ကျောက်ထု) ကနေ သိရပါတယ်။ ဆောမြို့နယ်ထဲမှာ မနေ့ မနက် ၆ နာရီလောက်က စစ်ကောင်စီယာဥ်တန်း ၁၆ စီး အင်အား ၃၀၀ လောက်ကို ဒေသကာကွယ်ရေးညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ တစ်နာရီကျော်ကြာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ YDF(ဆော၊ကျောက်ထု)ရဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။ အဲဒီစစ်ကောင်စီယာဥ်တန်းကို YDF(ဆော၊ကျောက်ထု)၊ (PDF-ဆော)၊ CDF(ကန်ပက်လက်)၊ CNF/CNAနဲ့ ပေါက်မြို့နယ်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ယာဥ်တန်းဟာ အထိနာတာကြောင့် ရှေ့ကို ဆက်မတိုးရဲဘဲ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာမှာပဲ ရပ်တန့်နေကြတယ်လို့ ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံးမရှိဘဲ […]

Most Read

2024-09-22 16:32:08