Breaking News >> News >> Democratic Voice of Burma


ယူကရိန်းစစ်ရေးလေ့ကျင့်ပွဲသို့ သမ္မတ တက်ရောက်အားပေး


Link [2022-02-13 11:12:42]



ယူကရိန်းရဲတပ်ဖွဲ့၊ အမျိုးသားအစောင့်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ရုရှားတို့သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသနဲ့ ကီလိုမီတာ ၂၀ အကွာ ကာလန်ချက်မြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်က စစ်ရေးလေ့ကျင်ခဲ့ပါတယ်။  သမ္မတဗိုလော့ဒီမာ ဇယ်လန်းစကီး ကိုယ်တိုင် ပါဝင်တက်ရောက်ပြီး တပ်သား ၁၃၀၀၊ တိုက်ခိုက်ရေးယာဉ်တွေ၊ MI-8 ရဟတ်ယာဉ်တွေနဲ့ လေ့ကျင်မှုတွေ လုပ်ခဲ့တာပါ။ သမ္မတဇယ်လန်းစကီးက ရုရှားတပ်တွေ မကြာခင် ကျူးကျော်လာနိုင်တယ်ဆိုတဲ့ ကောလာဟလ သတင်းတွေက ယူကရိန်းကို ကူညီရာမရောက်ကြောင်းလည်း ပြောခဲ့ပါတယ်။ “အားလုံး စိုးရိမ်စိတ် မကြီးကြပါနဲ့။ ထိတ်လန့်မှုဖြစ်စေတဲ့ သတင်းအများအပြား ထွက်နေတယ်၊ ထိတ်လန့်မှုက ကျနော်တို့ကို  မကူညီနိုင်ပါဘူး။ ဒီမှာ အထိတ်တလန့်ဖြစ်နေရင်  ကျနော်တို့ရဲ့ ရန်သူတွေက ဝမ်းသာလိမ့်မယ်” လို့ သတိပေးပါတယ်။  အမေရိကန်အစိုးရက ရုရှားရဲ့စစ်ရေးကျူးကျော်မှု အချိန်မရွေးဖြစ်လာနိုင်တယ်လို့ ဖေဖော်ဝါရီ […]

Most Read

2024-09-22 16:34:57