Breaking News >> News >> Democratic Voice of Burma


“ပူတင်ကျဆုံးပါစေ” ကြွေးကြော်သံဖြင့် ကိယက်ဗ်တွင် ယူကရိန်းနိုင်ငံသားထောင်ချီ ဆန္ဒပြ


Link [2022-02-13 11:12:42]



ရုရှားကျူးကျော်လာနိုင်မှုအပေါ် စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်နေချိန်မှာ ယူကရိန်းနိုင်ငံသား ထောင်ပေါင်များစွာက  ကိယက်ဗ်မြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စုဝေးပြီး ညီညွတ်မှုကို ပြသခဲ့ပါတယ်။ အလံတွေ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ချီတက်ခဲ့တဲ့ ထောင်ချီတဲ့လူအုပ်က “ဂုဏ်ရောင်ပြောင်သော ယူကရိန်း” “ယူကရိန်းသားတွေ ကြံ့ကြံ့ခံခုခံမည်” “ပူတင် ကျဆုံးပါစေ” စတဲ့ ကြွေးကြော်သံတွေ ဆန္ဒခဲ့ကြပါတယ်။ အမေရိကန်အစိုးရက ရုရှားရဲ့တိုက်ခိုက်မှု အချိန်မရွေးဖြစ်လာတော့မယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်က ကြေညာခဲ့ပေမဲ့ ယူကရိန်းသမ္မတက ဇယ်လန်းစကီးက ငြင်းဆိုခဲ့ပါတယ်။  ဇာလန်းစကီးက ယူကရိန်းတောင်ပိုင်း ခါဆန်ဒေသမှာ သူ့တပ်တွေ စစ်ရေးလေ့ကျင့်မှုကို သွားရောက်ကြည့်ခဲ့ပေမဲ့၊ စစ်ဖြစ်တော့မယ်ဆိုတဲ့ သတင်းကောလာဟလတွေအပေါ် အစိုးရိမ်မလွန်ဖို့ နိုင်ငံသားတွေကို သတိပေးပြောဆိုပါတယ်။

Most Read

2024-09-22 16:19:04