Breaking News >> News >> Democratic Voice of Burma


သဲကုန်းမြို့နယ်၌ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၅ ဦးသေ


Link [2022-02-12 23:32:53]



ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တပ်ရွာထိပ်ရှိ စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဖေဖေါ်ဝါရီ ၁၂ ရက် မနက် ၅ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်သွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်လောက်  သေဆုံးသွားတယ်လို့ ဒေသခံထံက သိရပါတယ်။ ဒေသခံတဦးက “ကုလားသေ ကုလားမောအိပ်နေကြတာ၊ ဟိုဘက်က အသာလေးလာပစ်သွားတာ။ အပြန်အလှန်တော့ ပစ်ကြသေးတယ်။ ဒါပေမဲ့ စစ်ကောင်စီက မထင်မှတ်ဘဲ ခံလိုက်ရတော့ သူတို့ တော်တော်ထိခိုက်ကြတယ်။  ၅ ယောက်လောက်က သွေးအိုင်ထဲမှာ အတုံးအရုံးပဲ။ သူတို့ဘက်က ပြောနေတာက ၅ ယောက်သေတယ်လို့သာ ပြောနေတာမကလောက်ဘူး၊ အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအားလုံးကို ပြည်ခုတင် ၁၀၀ ဆေးရုံကို သူတို့စစ်ကားတွေနဲ့ပဲ အကုန်သယ်သွားတာကို တွေ့ရတယ်”လို့ ပြောပါတယ်။ အခုလို ပစ်ခတ်မှုကို သဲကုန်းနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်တာဖြစ်ပြီး  […]

Most Read

2024-09-22 16:35:38