Breaking News >> News >> Democratic Voice of Burma


ပုသိမ်အကျဉ်းထောင်က အကျဉ်းသား ၇ ဦး လွတ်မြောက်


Link [2022-02-12 23:32:53]



ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်ကနေ ဖေဖော်ဝါရီ ၁၂ ရက်က  အကျဉ်းသား ၇ ယောက် ပြန်လည် လွတ်မြောက်လာတယ်လို့  အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။  ပုသိမ်အကျဉ်းထောင်ကနေ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျနေသူတွေ မပါဝင်ဘဲ တပ်ပြေးတယောက်နဲ့ တခြားပြစ်မှုတွေနဲ့ကျခံနေရသူတွေသာ ပြန်လွတ်လာတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူ တယောက်က ပြောပါတယ်။  “အားလုံး ၇ ဦးပြန်လွှတ်ပေးတာ နိုင်ငံရေးသမားတွေတော့ မပါဘူး။ လောင်းကစားမှု မူးယစ်ဆေးဝါးမှု လိမ်လည်မှုနဲ့ ကျနေတဲ့သူတွေများတယ်”လို့ ပြောပါတယ်။ ပြန်လွတ်လာတဲ့ ၇ ဦးဟာ အားလုံး အမျိုးသားတွေ ဖြစ်ပြီး ရဲဘက်စခန်းက ၄ ဦးပါဝင်ကာ ပြစ်ဒဏ်ရက် စေ့ခါနီးလူတွေများတယ်လို့ ဆိုပါတယ်။

Most Read

2024-09-22 18:26:59