Breaking News >> News >> Democratic Voice of Burma


နောင်ချိုမြို့က လူငယ် ၁ ဦး လူမှုကွန်ရက်ပေါ်ပို့စ်တင်မှုဖြင့် ဖမ်းဆီးခံရ


Link [2022-02-12 23:32:53]



ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်နေ လူငယ်တယောက်ဖြစ်တဲ့ ကိုဇော်ဟိန်းကို ဖေဖော်ဝါရီ ၁၀ ရက် မနက် ၄ နာရီခွဲ လောက်က နေအိမ်ပြင်ပအလုပ်သွားတဲ့ အချိန်လမ်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက စောင့်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူ တစ်ဦးက ပြောပါတယ်။ “သူ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ နိုင်ငံရေးပိုစ့်နဲ့ သွေးထိုးလှုံ့ဆော်မှုတွေ တင်လို့ဆိုပြီး လာဖမ်းသွားတာ ပါ။ စောင့်ကြည့်သတင်းပေးတဲ့ လူ ရှိလို့ထင်တယ်။ သူ့ကိုဘယ်နေရာကို ဖမ်းသွားတယ်ဆိုတာ ခုထိမသိရသေးဘူးလို့ ” ဒေသခံက ပြောပါတယ်။  အလားတူ ဖော်ဖေဖော်ဝါရီ ၂၈ ရက်ကလည်း  နောင်ချိမြို့နယ် ကံကြီးကျေးရွာမှာ နေထိုင်သူ အသက် ၁၉ နှစ် အရွယ် အမျိုးသမီးငယ်တယောက်  ဖမ်းဆီးခံရပြီး နောက်တနေ့မှာ အမှုနှစ်ခုဖွင့်ကာ တရားစွဲဆို ခံထားရပါသေးတယ်။ စစ်ကောင်စီက ဖေ့စ်ဘွတ်စ်လူမှုကွန်ရက်တွေကို […]

Most Read

2024-09-22 18:36:30