Breaking News >> News >> Democratic Voice of Burma


ဘုတလင်မြို့နယ်၌ လမ်းအသုံးပြုခကောက်ခံသည့်ဂိတ် မိုင်းခွဲခံရ


Link [2022-02-12 23:32:53]



စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ဘုတလင်-မုံရွာသွား ကားလမ်းမပေါ်က လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်ကို ဖေဖော်ဝါရီ ၁၂ ရက် မွန်းတည့် ၁၂ နာရီလောက်က  မိုင်းဖောက်ခွဲခံခဲ့ရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီကို ငွေရှာပေးနေတဲ့ ဒေါက်တိုင်ဖြစ်တာကြောင့် အခုလို မိုင်းဖောက်ခွဲတာလို့ သိရပါတယ်။  ဘုတလင််မြို့နယ်မြေခံပြည်သူကာကွယ်ရေးတပ်အဖွဲ့ဝင်တစ်ဦးက “ဖောက်ခွဲတာ‌ကတော့ လမ်းပေါ်က လမ်းအသုံးပြုခကောက်တဲ့ အဆောက်အဦကို ဖောက်ခွဲခဲ့တာ။ လူအထိအခိုက်ကတော့ မရှိဘူးဗျ” လို့ ပြောပါတယ်။ အခုလိုမိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာက ဒေသခံရွာသားတွေနဲ့ ရဟန်းတပါးအပါအဝင် ၅ ဦးကို သသယနဲ့ ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Most Read

2024-09-22 18:25:31