Breaking News >> News >> Democratic Voice of Burma


ခရစ်ယာန်အသင်းတော်များကောင်စီဝင်များ နုတ်ထွက်ရန် တောင်းဆို


Link [2022-02-12 23:32:53]



မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဟာ အာဏာသိမ်းစစ်ကောင်စီဘက်ကနေ ရပ်တည်ခဲ့တဲ့အတွက် ကောင်စီဝင်တွေအနေနဲ့ လက်ရှိရာထူးတွေကနေ နုတ်ထွက်ပေးဖို့  ခရစ်ယာန်ကျောင်းသား အဖွဲ့အစည်းတခုက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ကောင်စီ စီစဉ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ကြဖို့ တိုက်တွန်းတဲ့စာကို စစ်ကောင်စီသတင်းစာတွေကနေ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ  ၁၁ ရက်က ကြေညာခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ ခရစ်တော်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်၊ သမ္မာတရားတို့နဲ့ လုံးလုံးဆန့်ကျင်နေကာ မြန်မာနိုင်ငံအတွင်းရှိ လူနည်းစုခရစ်ယာန်တွေနဲ့  ပြည်ထောင်စု တိုင်းရင်းသားတွေအပေါ် သစ္စာဖောက်သကဲ့သို့ဖြစ်ပြီး ဝမ်းနည်းစရာလုပ်ရပ်ဖြစ်လို့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီက တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ တာဝန်ယူ တာဝန်ခံတဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်ပေးဖို့နဲ့ ပြန်တောင်းပန်ဖို့ Myanmar Student Christian Movement- Magway Region  အဖွဲ့က  မနေ့က ကန့်ကွက်စာ ထုတ်ပြန်ခဲ့တာပါ။   ကန့်ကွက်စာမှာ ”မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီက မိတ်ဖက်ပူးပေါင်း ဂိုဏ်းအဖွဲ့များ၊ […]

Most Read

2024-09-22 18:21:19