Breaking News >> News >> Democratic Voice of Burma


မတ္တရာတွင် အင်အား၃၀ကျော်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-02-11 19:56:38]



မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ခြေလျင် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကောင်စီ တပ်ဖွဲတစ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ) က ပြောပါတယ်။ သဖန်းကိုင်းအုပ်စု မြောင်းသစ်ရွာနဲ့ လမိုင်းအုပ်စု ကြပ်ပြင်ရွာအကြားက လက်တံမြောင်း-၂ ဘောင်ပေါ်မှာ ၉ လုံးပါ ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ မတ္တရာအရှေ့ပိုင်းနယ်သို့ လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကစတင်ပြီး နယ်မြေရှင်းလင်းရေး ရောက်ရှိနေတာဖြစ်ပြီး  မတ္တရာအရှေ့ပိုင်းနယ်အတွင်းရှိ လမိုင်းရွာ၊ ကျောက်တံတားရွာ၊ ကင်းရွာတွေမှာ တစ်ညစီ  တပ်စွဲကာ  သဖန်းကိုင်းကျေးရွာမှာ သုံးည တပ်စွဲခဲ့ကြောင်း၊ အပြန်မှာ ၉ လုံးပါ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်များနိုင်တယ်လို့ ပကဖ(မတ္တရာ)က ပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဘက်က […]

Most Read

2024-09-22 18:42:28