Breaking News >> News >> Democratic Voice of Burma


ဟိုပင်မြို့နယ် နမ်ရင်းကျးရွာအနီး တိုက်ပွဲဖြစ်


Link [2022-02-11 19:56:38]



ကချင်ပြည်နယ် ဟိုပင်မြို့နယ် နမ်ရင်းကျးရွာအနီးမှာ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက  စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အ)၊ ပီဒီအက်ဖ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်ကို နန့်ရင်းကျေးရွာအနီးမှာ ကေအိုင်အေ နဲ့ ဒေသခံ PDF တို့က ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။ “နေ့လယ် ၁၂ နာရီလေါက်မှာ စစ်တပ်က နန့်ရင်းကျေးရွာနားဖြတ်လာတုန်း ကေအိုင်အေ၊ ပီဒီအက်ဖ်တို့နဲ့ တိုက်ပွဲဖြစ်တာ။  လက်နှက်ကြီးပစ်သံတွေလည်းကြားရတယ်။ ပစ်လိုက် နားလိုက် နဲ့ပဲ။ ထိခိုက် ကျဆုံးတွေတော့ရှိနိုင်တယ်။ တိတိကျကျတော့ မသိဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။  ဇန်နဝါရီ ၂၈ရက်နေ့ကလည်း စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီ ရိက္ခာသယ်ဆောင်လာတဲ့ ယာဉ်တန်းကို ဟိုပင်မြိုနယ် နဲ့ […]

Most Read

2024-09-22 18:41:12