Breaking News >> News >> Democratic Voice of Burma


ရပ်စောက်မြို့နယ်တွင် တိုက်ပွဲကြောင့် ဒေသခံ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ


Link [2022-02-11 19:56:38]



ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်နယ်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း ကြားတိုက်ပွဲဖြစ်ခဲ့လို့ အနီးနားက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတာမှာ ဒီက နေ့မနက်ထိ ၆၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၉ ရက်နေ့မနက်ကစ TNLA တအာင်းတပ်ဖွဲ့၊  SSPP ရှမ်းတပ်ဖွဲ့တွေ ပါဝင်တဲ့ တပ်ပေါင်းစုက အင်အားရာနဲ့ချီ ဒေသထဲဝင်ရောက်လာပြီး ကျောက်ဂူ ကျေးရွာအုပ်စုထဲရှိ RCSS ရှမ်းတပ်တွေကို ဝင်တိုက်ရာမှာ နှစ်ဖက်ပစ်ခတ်မှုရှိသလို ညနေပိုင်းမှာ စစ်တပ်က လေယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ လာပစ်သွားလို့ ကျောက်ဂူအုပ်စု လွိုင်ပါဝိုင်စေတီအောက်ပိုင်း နဲ့ ကျောက်ဂူဘုန်းကြီးကျောင်း ဓမ္မာရုံရော ဈေးဆိုင်အချို့ပါထိမှန်ခဲ့ကြောင်း၊ မနေ့ကလည်း သေနတ်သံတွေကြားရပြီး ဒီကနေ့ ငြိမ်နေပေမယ့် လက်နက်ကိုင်အဖွဲ့တွေ ရှိနေသေးတာကြောင့် ရွာထဲမနေရဲဘဲ ထွက်ပြေးနေကြတာလို့ ကျောက်ဂူဒေသခံက ဒီဗွီဘီကို ပြောပါတယ်။  […]

Most Read

2024-09-22 18:30:01