Breaking News >> News >> Democratic Voice of Burma


စန်းမြို့ရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့၊ အိမ်ခြေ ၄၀ မီးလောင်ကျွမ်း


Link [2022-02-11 19:56:38]



မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ရွာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ထပ်မံမီးရှို့တာကြောင့် နေအိမ် ၄၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဂန့်ဂေါမြို့နယ် စန်းမြို့ရွာကို မနေ့ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ၅၀ ကျော်လောက် ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားတာလို့ စန်းမြို့ရွာသားတစ်ယောက်က ဒီဗွီဘီ ကို ပြောပါတယ်။ “ပြီးခဲ့တစ်တစ်ခေါက်က မီးမလောင်တဲ့နေအိမ်တွေကို ထပ်ပြီး မီးရှို့သွားတာဗျ။ ဘုန်းကြီးကျောင်းက မှန်တံခါးကိုလည်း ရိုက်ခွဲဖျက်ဆီးသွားတယ်။”  စစ်ကောင်စီတပ်တွေဟာ စမ်းမြို့ကျေးရွာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၂၈ လုံး၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းမှာ ထပ်မံမီးရှို့တာကြောင့် နေအိမ် ၁၃၂ […]

Most Read

2024-09-22 18:40:23