Breaking News >> News >> Democratic Voice of Burma


ရှေ့နေ နေပြည်တော်ဝင်ခွင့်မရသဖြင့် ရှောင်တာနယ်လ်အမှု မစစ်ဖြစ်


Link [2022-02-10 22:33:12]



ဩစတြေးလျစီးပွားရေးပညာရှင် ရှောင်တာနယ်လ်ရဲ့အမှုရုံးချိန်းအတွက်  ရန်ကုန်ကလာတဲ့ ရှေ့နေတယောက် နေပြည်တော်အ၀င်ဂိတ်မှာ ကိုဗစ်စစ်ဆေးတာ ကိုယ်အပူချိန်များတဲ့အတွက် ဝင်ခွင့်မရလို့ အမှုမစစ်ဆေးဖြစ်ဘူးလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ “အန်ကယ်ဦးစိုး၀င်းရှေ့နေက ရန်ကုန်ကလာရတာလေ။  နေပြည်တော်အ၀င်ဂိတ်မှာ ကျန်းမာရေးစစ်ဆေးတာ ကိုယ်အပူချိန်ရှိလို့ဆိုပြီ ဝင်ခွင့်မရတော့ မစစ်ဖြစ်ဘဲ ရုံးပြန်ချိန်းလိုက်တယ်” လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတာဖြစ်ပါတယ်။ ဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ ဘဏ္ဍာဝန်ကြီး)၊ ဦး ဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှုဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။ အမှုတွဲပါ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)နဲ့ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရှောင်တာနယ်လ်ကို  လွှတ်ပေးလိုက်တယ်ဆိုပြီး ကမ္ဘောဒီးယား […]

Most Read

2024-09-22 18:38:39