Breaking News >> News >> Democratic Voice of Burma


မန္တလေး သံဃာ့သမဂ္ဂ သပိတ်စစ်ကြောင်းက ဆရာတော် ၁ ပါး ဖမ်းဆီးခံရ


Link [2022-02-10 22:33:12]



စစ်အာဏာရှင်စနစ် ပြုတ်ကျရေး စဉ်ဆက်မပြတ် သပိတ်မှောက်ဆန္ဒပြနေတဲ့ မန္တလေး သံဃာ့သမဂ္ဂ သပိတ်စစ်ကြောင်းက ဆရာတော်တပါး ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရတဲ့ ဆရာတော်ဦးစန္ဒိမာဟာ သင်္ဂဇာကျောင်းတိုက်မှာ သတင်းသုံးတာဖြစ်ပြီး  စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့  ဝင်ရောက်ဖမ်းဆီးတာလို့ သိရပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁ နာရီကလည်း  စစ်ကောင်စီတပ်သားတွေ ကား ၇  စီးနဲ့ မစိုးရိမ်တိုက်သစ်ကိုရောက်လာပြီး ပိတ်ထား​​တဲ့ ကျောင်းတိုက်တံခါးကို အုတ်တံတိုင်း​ကျော်ဝင်ရောက်လာကာ  ကိုယ်တိုင်သော့ဖွင့် ဝင်ရောက်ပြီး ဆရာတော်တပါးကို ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းရှိသံဃာတော်တွေ အားလုံးကို စစ်ဆေးမေးမြန်းခဲ့ပြီး ​ကျောင်းရှိ သံဃာ​တော်တွေရဲ့ လက်ကိုင်ဖုန်း​တွေပါမကျန် အစစ်​ဆေးခံရခဲ့ရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေလိုက် ရှာနေတဲ့ ဆရာ​တော်က​တော့ လွတ်​မြောက်​ခဲ့တယ်လို့ မန္တလေး သံဃာ့သမဂ္ဂ […]

Most Read

2024-09-22 18:26:38