Breaking News >> News >> Democratic Voice of Burma


ရေးမြို့တွင် ဗုံးပေါက်ကွဲ


Link [2022-02-10 22:33:12]



မွန်ပြည်နယ်  ရေးမြို့မှာ  ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁ နာရီလောက်က  ဗုံးပေါက်ကွဲမှုနဲ့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲသံက  ရန်ကြီးအောင်ရပ် ကျုံးပတ်လမ်းနေအိမ်ရှေ့ဘက်မှာ ဖြစ်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။ “လူတွေ ညအိပ်ချိန်လည်းဖြစ်၊ ဗုံးသံနဲ့ သေနတ်သံက  လေးငါးချက်လောက် ပစ်ခတ်သံက ထပ်မံ ကြားရတဲ့အခါ ဘယ်မှာ ဗုံးပေါက်ပြီး ပစ်နေကြလဲတော့ မသိရဘဲ စိုးရိမ်စိတ်က ပိုပြီး မြင့်မားနေခဲ့တယ်” လို့  မြို့ခံတယောက်က  ပြောပါတယ်။ ဗုံးပေါက်ကွဲသံကြားရတဲ့ နေအိမ်ဟာ စစ်ကောင်စီ အလိုရှိနေတဲ့ PDF ရဲ့ အဖွဲ့ဝင် နေအိမ်ဖြစ်ပြီး  အဆိုပါနေအိမ်မှာ မိသားစုဝင်တွေ မနေရဲဘဲ ရှောင်တိမ်းနေရတယ်လို့  အိမ်နီးနားချင်းတ ယောက်က ပြောပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲပြီး […]

Most Read

2024-09-22 18:24:03