Breaking News >> News >> Democratic Voice of Burma


စစ်တပ်၏ ဖြတ်လေးဖြတ်ကြောင့် မင်းတပ်မြို့တွင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်


Link [2022-02-10 22:33:12]



ဒေသတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ချင်းပြည်နယ် မင်းတပ်မြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်မားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။   စစ်ကောင်စီတပ်တွေနဲ့  မင်းတပ် CDF အကြား မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ကတည်းကစတင်ပြီး စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အတွက် အခုဆိုရင် ၈ လနီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က မင်းတပ်မြို့ကို ကုန်ပစ္စည်း တင်သွင်းခွင့် ပိတ်ပင်ကန့်သတ် ထားတဲ့အတွက် မင်းတပ်မြို့မှာ ကျန်ခဲ့တဲ့ ပြည်သူတွေအနေနဲ့ ကုန်ပစ္စည်းရှားပါးမှုနဲ့ ကုန်ဈေးနှုန်း အလွန်မြင့်မားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ လက်ရှိလည်း ဆန်တွေကို အိတ်လိုက် သယ်ယူခွင့်မပေးသလို ဓာတ်ဆီ ၁ လီတာကိုလည်း ၂၇၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ မင်းတပ်မြို့ခံတဦးက […]

Most Read

2024-09-22 18:34:30