Breaking News >> News >> Democratic Voice of Burma


မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီက တပ်အင်အားတိုးချနေသဖြင့် ဒေသခံများစိုးရိမ်


Link [2022-02-10 22:33:12]



ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ အခုရက်ပိုင်းတွေ စစ်ကောင်စီက တပ်အင်အား တိုးချလာနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ “ဟုတ်ပါတယ်။ မနေ့ကတော့ ရဟတ်ယာဥ်နဲ့ အင်အားတိုးချတာရှိတယ်။ ဘူးသီတောင်မှ စစ်ကားတွေနဲ့အပြည့် မောင်တောမြောက်ပိုင်းကို အင်အားတိုးချနေတာရှိသလို စစ်တွေဘက်ကနေ နေဗီဇက်နဲ့ ပင်လယ်ဖြတ်ပြီး အလယ်သံကျော်ကမ်းခြေကတဆင့် အင်အားဖြည့်တင်းနေတာတွေ ရှိနေတယ်” လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ တပ်အင်အားတိုးချလာနေတာကြောင့် မောင်တောမြောက်ပိုင်းမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ငန်းချောင်းကျေးရွာသားတဦးက “၂၀၁၇ ခုနှစ်က ARSA နဲ့ တိုက်ပွဲတွေကြောင့် ကျနော်တို့ မွတ်ဆလင်ကျေးရွာသူ/သားတွေအများစု ဘင်္ဂလာဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာခဲ့ကြရပြီ။ အခုတဖန် အေအေ နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဆက်ဖြစ်လာမယ်ဆိုရင် နောက်တစ်ခေါက်ထွက်​ စစ်ဘေးရှောင်ကြရမှာ” လို့ ပြောပါတယ်။ ဖေဖော်ဝါရီ ၇ ရက် […]

Most Read

2024-09-22 18:32:28