Breaking News >> News >> Democratic Voice of Burma


ရန်ကုန်တွင် စစ်ကောင်စီက လှည့်ကင်းများဖြင့် ကင်းလှည့်နေပြီး စစ်ဆေးရေးတင်းကြပ်နေ


Link [2022-02-10 22:33:12]



ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်အချို့မှာ ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁၀ နာရီလောက်က စပြီး လုံခြုံရေး လှည့်ကင်းကားတွေနဲ့ ကင်းလှည့်နေပြီး နေရာအတော်များများမှာ စစ်ဆေး ရေးတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ သာကေတမြို့နယ် ဝါဆိုထိပ်မှာ ဒီနေ့ မနက် ၁၀ နာရီလောက်က Taxi ကားတွေကို စစ်ဆေးနေပြီး ကုလားဝဲတံတားမှာ အိမ်စီးကားတွေ စစ်ဆေးသလို သာကေတ ဧရာဝဏ် City Mark မြေနီမှတ်တိုင်မှာ ဆိုင်ကယ်ဖမ်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ မြောက်ဥက္ကလာ ခေမာသီလမ်းမကြီးပေါ် စည်ပင်ရုံးရှေ့ကားမှတ်တိုင်အနီးမှာ ကားတွေကို အိမ်စီးကားပါမကျန်စစ်ဆေးနေသလို လက်ကိုင်ဖုန်းတွေအထိ အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဗိုလ်တစ်ထောင်မြို့နယ် ဗန္ဓုလ တံတားမှာလည်း စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေပြီး မသင်္ကာစရာတွေ့ရှိက […]

Most Read

2024-09-22 18:39:31