Breaking News >> News >> Democratic Voice of Burma


ဂျက်မ


Link [2022-02-10 06:32:35]



တိုက်လေယာဉ်က ပစ်လိုက်သော ကျည်များ၊ ဗုံးများက သူတို့နားတွင် တဖွဲဖွဲကျလာနေသည်။ ရှေ့နားတကမ်းတွင် ရန်သူ စစ်တပ်၏ ကင်းစခန်းရှိသည်။ စစ်သား ၃၀ ကျော်ရှိသည့် ထိုကင်းစခန်းအား သူတို့ သိမ်းနိုင်လုလုတွင် နောက်ကိုပြန်ဆုတ်ကြရန် ခေါင်းဆောင်စစ်မှူးက အမိန့်ပေးလာသည်။ ကင်းစခန်းတွင် သေနတ်ပစ်နိုင်သူ နှစ်ယောက်ခန့်သာရှိတော့သည့်အချိန်တွင် စစ်ကူတိုက်လေယာဉ်များ ရောက်လာခြင်း ဖြစ်သည်။ သူတို့အားလုံး အောင်အောင်မြင်မြင်ဆုတ်ခွာလာနိုင်ခဲ့ကြသည်။ “ညီမက ကျည်မဖြုန်းဘူး။ ရှေ့တန်းမှာ ခွေးတွေကို သေချာမတွေ့ဘဲ ကျည်ကို ပေးမထွက်ဘူး။ ပြီး‌တော့ တယောက်ကို နှစ်တောင့်လောက်ပဲ ပစ်တယ်။ အဲဒီနေ့ပွဲမှာလည်း ထိတာကတော့ သေချာတယ်” ဟု ၃ နာရီခန့်ကြာမြင့်သည့် ဘုရားတောင်ကင်းစခန်း တိုက်ပွဲအကြောင်းကို ဂျက်မက အားရပါးရ ပြန်ပြောပြသည်။ ဂျက်မ။ အိမ်နာမည်မဟုတ်သလို မကြာသေးခင်ကမှ ရခဲ့သည့်နာမည်ဖြစ်သော်လည်း သူ့အတွက်တော့ အင်မတန်ယဉ်ပါးသည့် […]

Most Read

2024-09-22 18:31:24